Wednesday, January 11, 2017

Flowerhorn​ ​ခေါ် စာတန်းငါး သား​ဖောက်​ခြင်း(For Beginner)

ဘာမှမတင်​​ပေးဖြစ်​တာလဲကြာပြီ ဒီတခါ​တော့ ကိုဝါရှာ ရဲ့ စာတန်းငါးလို့လူသိများတဲ့ flowerhorn သား​ဖောက်​နည်းပါ
**************************************************

Horns ဝါသနာရှင်များအတွက်
ငါးဖောက်ဖို့စိတ်အားထက်သန်လာပြီဆိုရင် အရင်ဦးဆုံးမိမိစိတ်တိုင်းကျတဲ့မျိုးငါး အထီး အမ ကိုရှာပါ ဆန်းကျင်ဘက်အရောင်မျိုးဆိုရင် ပိုကောင်းပါတယ် ဥပမာ အထီးကပုလဲပိတ်တယ် ဆိုရင် အမကို အရဲအားကောင်တာမျိုးပေါ့ ဘာဖြစ်လို့လဲဆိုတော့ ဆန့်ကျင်ဘက်တွေပေါင်းဆပ်ရင် အလှတရားတခုဖြစ်ပေါ်စေတယ်
မိမိစိတ်တိုင်းကျတဲ့ မျိုးငါးရပြီဆိုရင် အထီး အမကိုသူတို့ချင်းရင်းနှီးအောင် ၃'ပေ ၁'ပေခွဲမှန်ကန်တခုထဲတွင် မှန်ချပ်တခုဖြင့်ကန့်၍ပြထားပါ အစာကိုပုံမှန်ထက်အနည်းငယ်ပိုကျွေးပါ
ရေထဲတွင်ရှိသောအညစ်အကျေးများကို ပိုက်တခုဖြင့် နေ့စဉ်စုတ်ထုတ်ပါ မိမိရွေးချယ်ထားတဲ့ငါးမက ဥပြီးသားဆိုရင်တော့ ရက်အနည်းငယ်ပဲစောင့်ရပါတယ်
မဥရသေးတဲ့ မဒမ်းအမဆိုရင်တော့နည်းနည်းစိတ်ရှည်ရှည်စောင့်ရပါတယ် ပြီးတော့ အောက်ဆီဂျင်(or)Airpumpကောင်းကောင်းပေးပါ အမရဲ့အင်္ဂါအစပ်က ဥပြွန် သို့မဟုတ် ကျတော်တို့ငါးသမားအခေါ်တော့ ချက်တိုင်ပေါ့ဗျာ အဲဒီချက်တိုင်လေးက ငါးအထီးနဲ့ပြထားလို့ရက်အနည်းငယ်လောက်ဆို ဆစူလာပါလိမ့်မယ်ဖင်တရမ်းရမ်းနဲ့ပေါ့ဗျာ
အဲဒါကလည်းသူ့တို့ခမျာ ချက်တိုင်ညှစ်ထုတ်ရတာပါ ထိုနည်းတူ အထီးကလည်းဖင်တရမ်းရမ်းဖြစ်နေပြီဆိုရင် ဒါအခြေနေကောင်းတယ်လို့ပြောရမှာပါ လွှတ်ပေးကြည့်လိုက်ပါ စဖောက်တဲ့ဝါသနာရှင်တွေအနေနဲ့ကတော့ စောင့်ကြည့်နိုင်ရင်ပိုကောင်းပါမယ် အဲလွှတ်ပေးလိုက်လို့ဒေါင့်တနေရာရာမှာရှေ့သွားနောက်လိုက်အတူတူဖင်တရမ်းရမ်းနဲ့ရှင်းနေပြီဆိုရင်တော့ ဥဖို့ရာအတော်လေးနီးဆပ်နေပါပြီ ထိုစဉ်အလွယ်တကူရနိုင်တဲ့ ထမင်းစားတဲ့ကြွေပုကန်ပြားတချပ်ကို သူတို့ရှင်းလင်းထားတဲ့အနီးနားတဝိုက်မှာချထားပေးပါ အဲ့ပုကန်ထဲဝင်ပြီးဖင်တရမ်းရမ်းနဲ့ရှင်းနေပြီဆိုရင်တော့ ဒါဆိုဥဖို့သေချာသလောက်ပါဘဲ  အကယ်၍အထီး အမ စလွှတ်တဲ့အချိန်မှာကိုက်ကြပြီဆိုရင်ခဏလောက်စောင့်ကြည့်ပါ တော်တော်ပြင်းပြင်းထန်ထန်ကိုက်ပြီဆိုရင်တော့ ပြန်ကန့်ထားဖို့လိုပါလိမ့်မယ် ကျွမ်းကျင်တဲ့သူအတွက်လွယ်ကူပေမယ့်
စမွေးတဲ့ဝါသနာရှင်တွေအနေနဲ့ကတော့ ပထမ အကြိမ်နဲ့တော့ အဆင်ပြေဖို့မလွယ်ပါဘူး ဒါ့ကြောင့်ပထမ စဖောက်တဲ့အကြိမ်မှာသူတို့ရဲ့အထာကိုစောင့်ကြည့်ပါ လေ့လာပါ နောက်ပြီးစိတ်ရှည်ရှည်ထားပါ ဒါကျတော်သိသလောက် FlowerHorns ငါးများ "ဥ" ဖို့အတွက်ပထမခြေလှမ်းစတင်ခြင်းပါပဲ
          
                     "ဝါသနာရှင်များအားရည်ညွှန်းလျှက်
            
                                           

                                         War Shar

No comments:

Post a Comment