Wednesday, January 11, 2017

Discusငါး​လေးများအတွက်​ အမဲနှလုံးစပ်​စာပြုလုပ်​နည်း

အလှ​မွေးငါးဝါသနာရှင်​ ဆိုသူ Account ပိုင်​​ရှင်​ဦး​လေးကြီးရဲ့
Discus ငါး​လေးများအတွက်​ အမဲနှလုံးစပ်​စာပြုလုပ်​နည်း
*************************************************
DISCUS များအတွက်အမဲနှလုံးစပ်စာ။( Beef Heart Mix )။

္ဏဤအမဲနှလုံးနှင့်ပြုလုပ်ထားသောစပ်စာမျိုးသည်ပေါ်ပြူလာဖြစ်သောအစာဖြစ်ပါသည်။လွန်ခဲ့သောနှစ်ပေါင်း၆၀ကျော်ထဲကသုံးစွဲလာခဲ့ကြသည်။အဟာရကြွယ်ဝ၍ကြီးထွားနှုန်းလျင်မြန်သောဤလိုအစာမျိုးသည်ပူနွေးသောDiscus ကြိုက်သည့်ရေအခြေအနေတွင်ဗက်တီးရီးယားပိုးများကိုလျင်မြန်စွာပေါက်ပွားစေပြီးအမိုးနီးယားဓာတ်ကိုပိုစေတတ်ပါသည်။သို့ပါ၍ကန်အောက်ခြေတွင်အလှဆင်ထားပါကသတိနှင့်ယှဉ်၍ပိုဂရုစိုက်ပါ။ပြောင်ထားရှိသောကန်ဆိုလျင်၊အညစ်အကြေးသန့်ရှင်းရေးပြုလုပ်ရပိုလွယ်ကူကောင်းမွန်ပါသည်။

ယခုရေးပေးမည့်ဖော်မြူလာ Recipeတွင်အဟာရတန်ဖိုးများတွက်ထဲ့ထားပါသည်။၁ကီလို(၂.၂ပေါင်)အေးခဲသိမ်းထားနိုင်ရန်အလေးချိန်ရှိအစာပြုလုပ်ရန်ဖော်မြူလာဖြစ်ပါသည်။ပြုလုပ်ပုံအဆင့်ဆင့်ကိုပုံများနှင့်ရှင်းပြထားပါသည်။

အမဲနှလုံးခပ်​လတ်​လတ်​ဆိုဒ်​နှစ်​လုံ6း00ဂရမ်​ခန့်​လတ်​ဆတ်​ရမည်​။
မလုပ်​နိုင်​​သေးလျှင်​​အေး​သော​ရေခဲ​သေတ္တာထဲတွင်​ထားပါ။
အဆီအရွတ်​နည်းနိုင်​မှလုပ်​ရတာမြန်​မည်​။
(အမဲနှလုံးကိုသုံးရခြင်းမှာ ပရိုတင်းဓာတ်​ အများဆုံးနှင့်​ ဗီတာမင်​ Aဓာတ်​ကြွယ်​ဝကာ အဆိပ်​အ​တောက်​နည်းခြင်း​ကြောင့်​ လွန်​ခဲ့​သောနှစ်​​ပေါင်6း0​ကျော်​ကတည်းက သုံးစွဲလာခဲ့ခြင်းဖြစ်​သည်​။
အ​ကြော၊အဆီနှင့်​အရွတ်​များကိုအချိန်​ယူ၍ဖယ်​ထုတ်​ပစ်​လိုက်​ပါ။
ကြိတ်​ရလွယ်​​အောင်​​လေး​ထောင့်​အတုံး​လေးများတုံးပါ။
ထိုအရာများကိုဖယ်​ရခြင်းမှာ အစာ​မ​ခြေနိုင်​​သော​ကြောင့်​ဖြစ်​ပါသည်​။ဝမ်းချုပ်​တတ်​ပါသည်​။
အနည်းဆုံး 50% - 60% ခန့်​ဖယ်​ထုတ်​ပစ်​လိုက်​သလိုပါပဲ။

ဤကဲ့သို့ရ​အောင်​ကြိတ်​ပါ။အဆီနှင့်​အရွတ်​များဖယ်​ထား၍ အဖြူ​ရောင်​မပါပဲ ​နီ​နေပါမည်​။၂ကြိမ်​၃ကြိမ်​ခန့်​ကြိတ်​ရပါမည်​။
ပြီးလျှင်​​ရေခဲ​သေတ္တာထဲပြန်​ထည့်​ထားပါ။
(၂)သဘာဝအရဖမ်း၍ရ​သောငါး၊အဆီမပါ​သောငါး (သို့)
ပုဇွန်​ 300ဂရမ်​ခန့်​ကြိတ်​၍အ​အေးခံထားပါ။
တစ်​ကီလိုစပ်​စာအတွက်​ အမဲနှလုံး၆၀၀ဂရပ်​နှင့်​ ငါးအသား ၃၀၀ဂရမ်​ဖြစ်​​နေ​ပေမည်​။ငါး (သို့) ပုဇွန်​များ​နေလျှင်​​အစာသည်​​ရေ​ပေါ်သို့​ပေါ်​နေတတ်​၍ ငါးမကြိုက်​တတ်​ပါ။


(၃)ကြက်​ဥအကြက်​ပြုတ်​ထား​သော အနှစ်​၂လုံးလည်းပါပါမည်​။ငါးက​လေးများကြီးထွားရန်​မရှိမဖြစ်​လိုအပ်​၍ အမိုင်​နိုအက်​စစ်​ ကြွယ်​ဝပါသည်​။
အကာသည်​အကျိုးမဖြစ်​၍ထည့်​မသုံးပါ။
ကြက်​ဥအနှစ်​ကိုလည်းကြိတ်​ပါ။
ငှက်​​ပျောသီးမှည့်​တစ်​လုံးလည်းသုံပါသည်​။
ပိုတက်​စီယမ်​နှင်​ မက်​ဂနီဆီယမ်​ ဓာတ်​ရ၍အပြင်​အစာများ​ရော၍​စေကပ်​ရန်​ ရည်​ရွယ်​သလို အခြား​စေးကပ်​ရန်​သုံး​သော​ကျောက်​​ကြောမှုန့်​ jelly မှုန့်​များသည်​ အဟာရမပါဝင်​ပဲ အစာ​ခြေဖျက်​ရန်​ပြဿနာရှိကာ ​ရေ​နောက်​​စေပါသည်​။
ငှက်​​ပျောသီးကိုလည်းကြိတ်​ထားပါ။
အ​ကြော​များ​ပျော့သွား​စေရန်​​ရေ​နွေး​ဖြောထား​သောLettuce တစ်​စည်းမရှိကမထည့်​ပါ။
ဟင်းနုနယ်​ရွက်​လည်းအစားထိုးသုံးနိုင်​ပါသည်​။
ကြိတ်​ပစ်​ပါ။
ဆိုဒီယမ်​မပါ​သောပဲစိမ်းလုံး (ဆားဓာတ်​မပါ​သော)တစ်​ခွက်
လတ်​လတ်​ဆတ်​ဆတ်​ရှိလျှင်​​ရေ​နွေး​ဖြောပြီး ​ရော​မွှေစက်​ Food processor နှင့်​​ခြေပစ်​ပါ။
Spirulinaစိ​မ်းပြာ​ရေညှိ မှုန့်​ ထမင်းစားဇွန်း ၃/၄၊
ဗီတာမင်​ D400iu နှင်​ Multi Vitamin၁/၂​တောင့်​ကို
ကြိတ်​​ခြေ​ရောပါ။
ကြက်​သွန်​ဖြူနှစ်​မွှာကို​ခြေ​ထောင်းထည့်​ပါ။
ငါးများကိုစွဲ​ဆောင်​​စေသလို အတွင်းကပ်​ပါးပိုးများကိုလည်း​သေ​စေနိုင်​ပါသည်​။
အမဲနှလုံးနှင့်​ငါးများမှအပ ကျန်​အရာများကို ပုံတွင်​ပြထားသည့်​အ​နေအထားအတိုင်းရရန်​​ကြေမွ အရည်​​ပျော်​ အမြုတ်​ထသွားခြင်းများမဖြစ်​​စေရန်​PROCESSORထဲခက်​ကြမ်းကြမ်းအ​နေအထားဖြစ်​​အောင်​​မွှေကြတ်​ပါ။စက်​မနိုင်​ကနည်​နည်​ခြင်းကြိတ်​ပါ။
မည်​သည့်​အဆင့်​တွင်​မှ​ရေ​ရော၍မကြိတ်​ပါ။သတိပြုပါ။
ရေ​နောက်​သွားမည်​စိုး၍ဖြစ်​ပါသည်​။ပုံတွင်​ပြထားသည့်​ အ​ရောင်​၊အ​နေအထားအတိုင်းဖြစ်​လျှင်​ အသားများဖြင့်​​ရော​မွှေရန်​အသင့်​ဖြစ်​​နေေ​ပ​တော့မည့်​။
ဒုတိယအဆင့်​​မွှေစပ်​​ရော​နှောခြင်း
အသားများကို​ရော​နှော၍၂မိနစ်​ခန့်​​မွှေ​ပေးပါ။
အရမ်းမညက်​​အောင်​သတိပြု၍ပုံပါအတိုင်းကြမ်းကြမ်းပဲထားပါ။အေးခဲရန်​အသစ်​ဖြစ်​​နေ၍​လေလုံပလတ်​စတစ်​အိပ်​ZIPLOGဖြင့်​ခဲသိမ်းနိုင်​ပါပြီ။
လေများမပါ​အောင်​ဖိထုပ်​ပါ။
**၁လ၂လထက်​ပိုမထားပါနှင့်​လတ်​ဆတ်​မှုမရှိနိုင်​ပါ။**
စမိတ်​ဆက်​​ကြွေးလျှင်​အစာတစ်​ရက်​ခန့်​ဖြတ်​၍ ​​ကျွေးကြည့်​ကာပိုလျှံ​သောအစာများအားချက်​ခြင်းစုတ်​ထုတ်​ပစ်​ပါ။
ငါးနည်းကအခြားသူများနှင့်​စပ်​တူသုံးနိုင်​ပါသည်​။
အလုပ်​​တော့ရှုတ်​​ပေမယ်​ နိုင်​ငံခြားအစာများထက်​​ဈေးသက်​သာပြီးကြီးထွားနှုန်း​ကောင်း​သော၊တစ်​ခါလုပ်​ထားလျှင်​အချိန်​အကြာကြီး​ကျွေးနိုင်​၍အကျိုးရှိလှ​ပေသည်​။
နောက်​ဆုံးမြင်​​တွေ့ရသည့်​အ​နေအထား Ready to pack
အေးခဲရန်​အသင့်
အသားကြိတ်​စက်​(လက်​ကြိတ်​စက်​နဲ့လည်းရပါတယ်​)
ရော​မွှေစက်​(မရှိကညဏ်​ကူပါ​လေ)
ကျေနပ်​နိုင်​ကြပါ​စေဗျာ။မရှိတာမထည့်​လည်းရပါတယ်​။ထည့်​နိုင်​ကအလွန်​​ကောင်​ပါသည်​။
***အလှ​မွေးငါးဝါသနာရှင်​***
လေးစားစွာဖြင်​ Credit​ပေးအပ်​ပါသည်​။
Myanmar Aquatic Blogger
http://myanmaraquatical.blogspot.com/?m=1

1 comment:

  1. Hollywood Sports Betting in CT | Shootercasino.com sbobet ทางเข้า sbobet ทางเข้า クイーンカジノ クイーンカジノ dafabet link dafabet link 503Asian Roulette - Casino of IBC

    ReplyDelete