ဒီနေ့တော့ Ko Ac ရဲ့ Koi ငါးကြင်းတွေအကြောင်းသူ့postကနေ copy ပြန်ချပေးထားပါတယ်။
********************************************
Koi ငါးကြင်း တွေ နဲ့ ပတ်သက်ပြီး ဖတ်မိသလောက် ပြန်ချရေးလိုက်ပါတယ်။
အမှားပါတယ်ဆိုခဲ့ရင် ပြင်ပေးပါလို့ ရှေးဦးစွာ တောင်းဆိုပါတယ်ခဗျာ။
အခုရေးမိတဲ့ ငါးကြင်းအကြောင်းကတော့ ကျန်ခဲ့တဲ့ B.C ခောတ်တွေကို ၊ ကွန်ဖြူးရှပ် ခောတ်တွေ ကိုချန်ထားခဲ့ပြီး ဂျပန်ခောတ်ကို တိုက်ရိုက်ပဲ ချရေးလိုက်ပါတယ်ခဗျာ။
သမိုင်းအကြောင်း အတိုချုပ် အရ ပါရှား က နေ ငါးကြင်းစခဲ့တယ်။ ပါရှား ကနေ တရုတ်ပြည်ကို ရောက်တယ်လို့ ငါးကြင်းသမိုင်းအကြောင်းမှာ ဆိုထားပါတယ်။ ပါရှား နဲ့ တရုတ် ကုန်ကူးပြီး ငါးကြင်းတွေ တရုတ်ပြည်မှာ ပေါက်ဖွားလာခဲ့ခြင်းဖြစ်ပါတယ်။ တစ်ခါ တရုတ်ပြည်ကနေ ဂျပန်ကို ကူးဆက်ပြန့်ပွားလာခဲ့ပါတယ်။
ဂျပန်ခေတ်ရောက်တော့
လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ လောက်ကို ပဲ ပြန်ကြည့်မယ်ဆိုရင် နီးဂတာ ရာမကိုရှီ ရွာနဲ့ ဘေးပတ်လည် ရွာတွေမှာ စားစရာအဖြစ် ငါးကြင်းတွေကို သားဖောက်မွေးမြူလာခဲ့ကြပါတယ်။ အချို့ သော ငါးကြင်းသားဖောက်မွေးမြူသူတွေ သတိထားမိလာခဲ့ကြတာကတော့ ရံဖန်ရံခါ ငါးကြင်း အနီ နဲ့ အဝါ ပါလာတာကို တွေ့ ရှိခဲ့ပြီးတော့ ဂျပန်တွေက အရောင်ပါတဲ့ ငါးကြင်းလေးတွေကို စတင်ဖောက်လာခဲ့ကြတယ်လို့ ဆိုထားပါတယ်။
ဒီသမိုင်းအကြောင်းလေးကတော့ နီရှီးကီဂွိုင် Nishikigoi တွေရဲ့ သမိုင်းအစစ် စတင်လာပုံပါ။
ဂျပန်တွေမှာလည်း ခောတ် အဆက်ဆက်ရှိပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံရဲ့  ပုဂံခောတ် အင်းဝခောတ် ပျူခောတ် စသလိုမျိုး ဂျပန်တွေရဲ့ Meiji မေဂျီ ခောတ် မှာ လူတွေကြားမှာ ရေးပန်စားလာတဲ့ လှပတဲ့ ငါးကြင်းမျိုးကိုရရှိလာပါတယ်။ အဲ့ဒါကတော့ ကိုဟကု အမျိုးအစားတွေပဲဖြစ်ပါတယ်။ Taisho တိုင်လျှို ခောတ် ၁၉၁၂ ကနေ ၁၉၂၆ ကာလရောက်တော့ နီရှီူကီဂွိုင် က ရေပန်းအစားဆုံးဖြစ်လာခဲ့ပါတယ်။ တိုင်လျှို ခောတ်မှာ ငါးကြင်း အလှတွေမျိုးသစ်တွေ ထပ်မံရရှိခဲ့ပါတယ်။ ငါးကြင်းမျိုးစိပ် အသစ်တွေကတော့ တိုင်လျှို စံလျှိုကု Taisho Sanshoku (ဖြူနီမဲ) , Shiro Utsuri သျှီရို ဦုဆိုးrရီ (ဖြုမဲ), Ki Utsuri ကီ ဦုဆိုးrရီ, Asagi အစဂီ (ကြောပေါ်တွင် အပြာစင်းပါသော ငါးကြင်းမျိုး) စသည့်အမျိုးအစားကွဲတွေ ထွက်ပေါ်လာခဲ့ပါတယ်။
နောက်တစ်ခောတ် showa သျှိုဝါ ခောတ် ရောက်တော့ ၁၉၂၆ခုနှစ်
Showa Sanshoku လျှိုဝါ စံလျှိုကု (ဖြူနီမဲ ၊ ခေါင်းတွင်အမဲပါသည့်အမျိုးအစား), Kin ကင်း (ရွှေရောင် အလက်လက်), Gin ဂင်း (ငွေ အလက်လက်ဖြစ်နေသာ ကြေးခွံအရောင်), Kin Kabuto ကင်းခဘူတို (ခေါင်းတွင် အရောင်ပါသော ငါးမျိုးစား) , Kin (ရွှေရောင်) Kabuto (ဦးခေါင်းခွံ) ပေါ်ထွက်လာခဲ့ပါတယ်။
နောက်တစ်ခါ Show ခောတ်မှာပဲ ၁၉၃၂ ခုနှစ် ရောက်တော့
နီးဂတာ Niigata ငါးစမ်းသပ်ဌာနက အဂနိုမြစ်မှာ နီရှီးကီဂွိုင် ငါးကြင်းတွေကို စတင်ပြီး အချိန်ပြည့် သုတေသန လုပ်ငန်းတွေစခဲ့ပါတယ်။ WW2 စစ်ပြီးကာလမှာတော့ ဌာနတစ်ခုလုံးရပ်ယာယီရပ်ဆိုင်းထားလိုက်ပါတယ်။ သို့ ပေမယ့် Nezu နဲ့ဇူ Ogan အို့ဂမ် Nezu Ogan ငါးမျိုးကို မိတ်ဆက်ပေးခဲ့ပြီး Nezu Ogan (မီးခိုးရောင် အလက်လက်ကြေးခွံပါသော ငါးကြင်းမျိုး) Hikarimono (ဟီကရီမိုးနို) (အလက်လက်ပါသော တောက်သော ကြေးခွံအုပ်စု)ကို မွေးထုတ်ခဲ့ပြီး နီရှီးကီဂွိုင်ရဲ့ ရွှေနှစ်တွေ အဖြစ်ဦးဆောင်နေခဲ့စေပါတယ်။
Doitsu ဒွိုင်ဇူး (ကြေးခွံနည်းသော Leather ကဲ့သို့ အစင်းရှိသောငါးကြင်းမျိုး)
ဂျပန်အခေါ်အဝေါ် Doitsu ဒွိုင်ဇူး ငါးမျိုးကို အိုကီဆာဝါ မိသားစုမှ ၂၅ နှစ်ကြာ ဂျာမာန် ငါးကြင်းရိုင်းနှင့် ဒီ နီရှီးကီဂွိုင် မျိုးတွေနဲ့ Ogan အို့ ဂမ် မျိုးတွေနဲ့ သားစပ်ပြီး မျိုးစိပ် ၂ ဆက်ကို မြင့်တက်လာပြီး နီရှီးကီဂွိုင် ငါးကြင်းမျိုးဆက်ကို တိုးတက်လာစေခဲ့ပါတယ်။
ဒီအောက်ကပုံလေးကတော့ ကျနော် ခုရေးလိုက်တဲ့ Gene tree လေးပါ
လေးစားလျက်
AC
Thursday, February 2, 2017
Wednesday, January 11, 2017
Discusငါးလေးများအတွက် အမဲနှလုံးစပ်စာပြုလုပ်နည်း
အလှမွေးငါးဝါသနာရှင် ဆိုသူ Account ပိုင်ရှင်ဦးလေးကြီးရဲ့
Discus ငါးလေးများအတွက် အမဲနှလုံးစပ်စာပြုလုပ်နည်း
*************************************************
DISCUS များအတွက်အမဲနှလုံးစပ်စာ။( Beef Heart Mix )။
္ဏဤအမဲနှလုံးနှင့်ပြုလုပ်ထားသောစပ်စာမျိုးသည်ပေါ်ပြူလာဖြစ်သောအစာဖြစ်ပါသည်။လွန်ခဲ့သောနှစ်ပေါင်း၆၀ကျော်ထဲကသုံးစွဲလာခဲ့ကြသည်။အဟာရကြွယ်ဝ၍ကြီးထွားနှုန်းလျင်မြန်သောဤလိုအစာမျိုးသည်ပူနွေးသောDiscus ကြိုက်သည့်ရေအခြေအနေတွင်ဗက်တီးရီးယားပိုးများကိုလျင်မြန်စွာပေါက်ပွားစေပြီးအမိုးနီးယားဓာတ်ကိုပိုစေတတ်ပါသည်။သို့ပါ၍ကန်အောက်ခြေတွင်အလှဆင်ထားပါကသတိနှင့်ယှဉ်၍ပိုဂရုစိုက်ပါ။ပြောင်ထားရှိသောကန်ဆိုလျင်၊အညစ်အကြေးသန့်ရှင်းရေးပြုလုပ်ရပိုလွယ်ကူကောင်းမွန်ပါသည်။
ယခုရေးပေးမည့်ဖော်မြူလာ Recipeတွင်အဟာရတန်ဖိုးများတွက်ထဲ့ထားပါသည်။၁ကီလို(၂.၂ပေါင်)အေးခဲသိမ်းထားနိုင်ရန်အလေးချိန်ရှိအစာပြုလုပ်ရန်ဖော်မြူလာဖြစ်ပါသည်။ပြုလုပ်ပုံအဆင့်ဆင့်ကိုပုံများနှင့်ရှင်းပြထားပါသည်။
အမဲနှလုံးခပ်လတ်လတ်ဆိုဒ်နှစ်လုံ6း00ဂရမ်ခန့်လတ်ဆတ်ရမည်။
မလုပ်နိုင်သေးလျှင်အေးသောရေခဲသေတ္တာထဲတွင်ထားပါ။
အဆီအရွတ်နည်းနိုင်မှလုပ်ရတာမြန်မည်။
(အမဲနှလုံးကိုသုံးရခြင်းမှာ ပရိုတင်းဓာတ် အများဆုံးနှင့် ဗီတာမင် Aဓာတ်ကြွယ်ဝကာ အဆိပ်အတောက်နည်းခြင်းကြောင့် လွန်ခဲ့သောနှစ်ပေါင်6း0ကျော်ကတည်းက သုံးစွဲလာခဲ့ခြင်းဖြစ်သည်။
Discus ငါးလေးများအတွက် အမဲနှလုံးစပ်စာပြုလုပ်နည်း
*************************************************
DISCUS များအတွက်အမဲနှလုံးစပ်စာ။( Beef Heart Mix )။
္ဏဤအမဲနှလုံးနှင့်ပြုလုပ်ထားသောစပ်စာမျိုးသည်ပေါ်ပြူလာဖြစ်သောအစာဖြစ်ပါသည်။လွန်ခဲ့သောနှစ်ပေါင်း၆၀ကျော်ထဲကသုံးစွဲလာခဲ့ကြသည်။အဟာရကြွယ်ဝ၍ကြီးထွားနှုန်းလျင်မြန်သောဤလိုအစာမျိုးသည်ပူနွေးသောDiscus ကြိုက်သည့်ရေအခြေအနေတွင်ဗက်တီးရီးယားပိုးများကိုလျင်မြန်စွာပေါက်ပွားစေပြီးအမိုးနီးယားဓာတ်ကိုပိုစေတတ်ပါသည်။သို့ပါ၍ကန်အောက်ခြေတွင်အလှဆင်ထားပါကသတိနှင့်ယှဉ်၍ပိုဂရုစိုက်ပါ။ပြောင်ထားရှိသောကန်ဆိုလျင်၊အညစ်အကြေးသန့်ရှင်းရေးပြုလုပ်ရပိုလွယ်ကူကောင်းမွန်ပါသည်။
ယခုရေးပေးမည့်ဖော်မြူလာ Recipeတွင်အဟာရတန်ဖိုးများတွက်ထဲ့ထားပါသည်။၁ကီလို(၂.၂ပေါင်)အေးခဲသိမ်းထားနိုင်ရန်အလေးချိန်ရှိအစာပြုလုပ်ရန်ဖော်မြူလာဖြစ်ပါသည်။ပြုလုပ်ပုံအဆင့်ဆင့်ကိုပုံများနှင့်ရှင်းပြထားပါသည်။
အမဲနှလုံးခပ်လတ်လတ်ဆိုဒ်နှစ်လုံ6း00ဂရမ်ခန့်လတ်ဆတ်ရမည်။
မလုပ်နိုင်သေးလျှင်အေးသောရေခဲသေတ္တာထဲတွင်ထားပါ။
အဆီအရွတ်နည်းနိုင်မှလုပ်ရတာမြန်မည်။
(အမဲနှလုံးကိုသုံးရခြင်းမှာ ပရိုတင်းဓာတ် အများဆုံးနှင့် ဗီတာမင် Aဓာတ်ကြွယ်ဝကာ အဆိပ်အတောက်နည်းခြင်းကြောင့် လွန်ခဲ့သောနှစ်ပေါင်6း0ကျော်ကတည်းက သုံးစွဲလာခဲ့ခြင်းဖြစ်သည်။
အကြော၊အဆီနှင့်အရွတ်များကိုအချိန်ယူ၍ဖယ်ထုတ်ပစ်လိုက်ပါ။
ကြိတ်ရလွယ်အောင်လေးထောင့်အတုံးလေးများတုံးပါ။
ထိုအရာများကိုဖယ်ရခြင်းမှာ အစာမခြေနိုင်သောကြောင့်ဖြစ်ပါသည်။ဝမ်းချုပ်တတ်ပါသည်။
အနည်းဆုံး 50% - 60% ခန့်ဖယ်ထုတ်ပစ်လိုက်သလိုပါပဲ။
ဤကဲ့သို့ရအောင်ကြိတ်ပါ။အဆီနှင့်အရွတ်များဖယ်ထား၍ အဖြူရောင်မပါပဲ နီနေပါမည်။၂ကြိမ်၃ကြိမ်ခန့်ကြိတ်ရပါမည်။
ပြီးလျှင်ရေခဲသေတ္တာထဲပြန်ထည့်ထားပါ။
(၂)သဘာဝအရဖမ်း၍ရသောငါး၊အဆီမပါသောငါး (သို့)
ပုဇွန် 300ဂရမ်ခန့်ကြိတ်၍အအေးခံထားပါ။
တစ်ကီလိုစပ်စာအတွက် အမဲနှလုံး၆၀၀ဂရပ်နှင့် ငါးအသား ၃၀၀ဂရမ်ဖြစ်နေပေမည်။ငါး (သို့) ပုဇွန်များနေလျှင်အစာသည်ရေပေါ်သို့ပေါ်နေတတ်၍ ငါးမကြိုက်တတ်ပါ။
(၃)ကြက်ဥအကြက်ပြုတ်ထားသော အနှစ်၂လုံးလည်းပါပါမည်။ငါးကလေးများကြီးထွားရန်မရှိမဖြစ်လိုအပ်၍ အမိုင်နိုအက်စစ် ကြွယ်ဝပါသည်။
အကာသည်အကျိုးမဖြစ်၍ထည့်မသုံးပါ။
ကြက်ဥအနှစ်ကိုလည်းကြိတ်ပါ။
ငှက်ပျောသီးမှည့်တစ်လုံးလည်းသုံပါသည်။
ပိုတက်စီယမ်နှင် မက်ဂနီဆီယမ် ဓာတ်ရ၍အပြင်အစာများရော၍စေကပ်ရန် ရည်ရွယ်သလို အခြားစေးကပ်ရန်သုံးသောကျောက်ကြောမှုန့် jelly မှုန့်များသည် အဟာရမပါဝင်ပဲ အစာခြေဖျက်ရန်ပြဿနာရှိကာ ရေနောက်စေပါသည်။
ငှက်ပျောသီးကိုလည်းကြိတ်ထားပါ။
အကြောများပျော့သွားစေရန်ရေနွေးဖြောထားသောLettuce တစ်စည်းမရှိကမထည့်ပါ။
ဟင်းနုနယ်ရွက်လည်းအစားထိုးသုံးနိုင်ပါသည်။
ကြိတ်ပစ်ပါ။
ဆိုဒီယမ်မပါသောပဲစိမ်းလုံး (ဆားဓာတ်မပါသော)တစ်ခွက်
လတ်လတ်ဆတ်ဆတ်ရှိလျှင်ရေနွေးဖြောပြီး ရောမွှေစက် Food processor နှင့်ခြေပစ်ပါ။
Spirulinaစိမ်းပြာရေညှိ မှုန့် ထမင်းစားဇွန်း ၃/၄၊
ဗီတာမင် D400iu နှင် Multi Vitamin၁/၂တောင့်ကို
ကြိတ်ခြေရောပါ။
ကြက်သွန်ဖြူနှစ်မွှာကိုခြေထောင်းထည့်ပါ။
ငါးများကိုစွဲဆောင်စေသလို အတွင်းကပ်ပါးပိုးများကိုလည်းသေစေနိုင်ပါသည်။
အမဲနှလုံးနှင့်ငါးများမှအပ ကျန်အရာများကို ပုံတွင်ပြထားသည့်အနေအထားအတိုင်းရရန်ကြေမွ အရည်ပျော် အမြုတ်ထသွားခြင်းများမဖြစ်စေရန်PROCESSORထဲခက်ကြမ်းကြမ်းအနေအထားဖြစ်အောင်မွှေကြတ်ပါ။စက်မနိုင်ကနည်နည်ခြင်းကြိတ်ပါ။
မည်သည့်အဆင့်တွင်မှရေရော၍မကြိတ်ပါ။သတိပြုပါ။
ရေနောက်သွားမည်စိုး၍ဖြစ်ပါသည်။ပုံတွင်ပြထားသည့် အရောင်၊အနေအထားအတိုင်းဖြစ်လျှင် အသားများဖြင့်ရောမွှေရန်အသင့်ဖြစ်နေပေတော့မည့်။
ဒုတိယအဆင့်မွှေစပ်ရောနှောခြင်း
အသားများကိုရောနှော၍၂မိနစ်ခန့်မွှေပေးပါ။
အရမ်းမညက်အောင်သတိပြု၍ပုံပါအတိုင်းကြမ်းကြမ်းပဲထားပါ။အေးခဲရန်အသစ်ဖြစ်နေ၍လေလုံပလတ်စတစ်အိပ်ZIPLOGဖြင့်ခဲသိမ်းနိုင်ပါပြီ။
လေများမပါအောင်ဖိထုပ်ပါ။
**၁လ၂လထက်ပိုမထားပါနှင့်လတ်ဆတ်မှုမရှိနိုင်ပါ။**
စမိတ်ဆက်ကြွေးလျှင်အစာတစ်ရက်ခန့်ဖြတ်၍ ကျွေးကြည့်ကာပိုလျှံသောအစာများအားချက်ခြင်းစုတ်ထုတ်ပစ်ပါ။
ငါးနည်းကအခြားသူများနှင့်စပ်တူသုံးနိုင်ပါသည်။
အလုပ်တော့ရှုတ်ပေမယ် နိုင်ငံခြားအစာများထက်ဈေးသက်သာပြီးကြီးထွားနှုန်းကောင်းသော၊တစ်ခါလုပ်ထားလျှင်အချိန်အကြာကြီးကျွေးနိုင်၍အကျိုးရှိလှပေသည်။
နောက်ဆုံးမြင်တွေ့ရသည့်အနေအထား Ready to pack
အေးခဲရန်အသင့်
အသားကြိတ်စက်(လက်ကြိတ်စက်နဲ့လည်းရပါတယ်)
ရောမွှေစက်(မရှိကညဏ်ကူပါလေ)
ကျေနပ်နိုင်ကြပါစေဗျာ။မရှိတာမထည့်လည်းရပါတယ်။ထည့်နိုင်ကအလွန်ကောင်ပါသည်။
***အလှမွေးငါးဝါသနာရှင်***
လေးစားစွာဖြင် Creditပေးအပ်ပါသည်။
Myanmar Aquatic Blogger
http://myanmaraquatical.blogspot.com/?m=1
Flowerhorn ခေါ် စာတန်းငါး သားဖောက်ခြင်း(For Beginner)
ဘာမှမတင်ပေးဖြစ်တာလဲကြာပြီ ဒီတခါတော့ ကိုဝါရှာ ရဲ့ စာတန်းငါးလို့လူသိများတဲ့ flowerhorn သားဖောက်နည်းပါ
**************************************************
Horns ဝါသနာရှင်များအတွက်
ငါးဖောက်ဖို့စိတ်အားထက်သန်လာပြီဆိုရင် အရင်ဦးဆုံးမိမိစိတ်တိုင်းကျတဲ့မျိုးငါး အထီး အမ ကိုရှာပါ ဆန်းကျင်ဘက်အရောင်မျိုးဆိုရင် ပိုကောင်းပါတယ် ဥပမာ အထီးကပုလဲပိတ်တယ် ဆိုရင် အမကို အရဲအားကောင်တာမျိုးပေါ့ ဘာဖြစ်လို့လဲဆိုတော့ ဆန့်ကျင်ဘက်တွေပေါင်းဆပ်ရင် အလှတရားတခုဖြစ်ပေါ်စေတယ်
မိမိစိတ်တိုင်းကျတဲ့ မျိုးငါးရပြီဆိုရင် အထီး အမကိုသူတို့ချင်းရင်းနှီးအောင် ၃'ပေ ၁'ပေခွဲမှန်ကန်တခုထဲတွင် မှန်ချပ်တခုဖြင့်ကန့်၍ပြထားပါ အစာကိုပုံမှန်ထက်အနည်းငယ်ပိုကျွေးပါ
ရေထဲတွင်ရှိသောအညစ်အကျေးများကို ပိုက်တခုဖြင့် နေ့စဉ်စုတ်ထုတ်ပါ မိမိရွေးချယ်ထားတဲ့ငါးမက ဥပြီးသားဆိုရင်တော့ ရက်အနည်းငယ်ပဲစောင့်ရပါတယ်
မဥရသေးတဲ့ မဒမ်းအမဆိုရင်တော့နည်းနည်းစိတ်ရှည်ရှည်စောင့်ရပါတယ် ပြီးတော့ အောက်ဆီဂျင်(or)Airpumpကောင်းကောင်းပေးပါ အမရဲ့အင်္ဂါအစပ်က ဥပြွန် သို့မဟုတ် ကျတော်တို့ငါးသမားအခေါ်တော့ ချက်တိုင်ပေါ့ဗျာ အဲဒီချက်တိုင်လေးက ငါးအထီးနဲ့ပြထားလို့ရက်အနည်းငယ်လောက်ဆို ဆစူလာပါလိမ့်မယ်ဖင်တရမ်းရမ်းနဲ့ပေါ့ဗျာ
အဲဒါကလည်းသူ့တို့ခမျာ ချက်တိုင်ညှစ်ထုတ်ရတာပါ ထိုနည်းတူ အထီးကလည်းဖင်တရမ်းရမ်းဖြစ်နေပြီဆိုရင် ဒါအခြေနေကောင်းတယ်လို့ပြောရမှာပါ လွှတ်ပေးကြည့်လိုက်ပါ စဖောက်တဲ့ဝါသနာရှင်တွေအနေနဲ့ကတော့ စောင့်ကြည့်နိုင်ရင်ပိုကောင်းပါမယ် အဲလွှတ်ပေးလိုက်လို့ဒေါင့်တနေရာရာမှာရှေ့သွားနောက်လိုက်အတူတူဖင်တရမ်းရမ်းနဲ့ရှင်းနေပြီဆိုရင်တော့ ဥဖို့ရာအတော်လေးနီးဆပ်နေပါပြီ ထိုစဉ်အလွယ်တကူရနိုင်တဲ့ ထမင်းစားတဲ့ကြွေပုကန်ပြားတချပ်ကို သူတို့ရှင်းလင်းထားတဲ့အနီးနားတဝိုက်မှာချထားပေးပါ အဲ့ပုကန်ထဲဝင်ပြီးဖင်တရမ်းရမ်းနဲ့ရှင်းနေပြီဆိုရင်တော့ ဒါဆိုဥဖို့သေချာသလောက်ပါဘဲ အကယ်၍အထီး အမ စလွှတ်တဲ့အချိန်မှာကိုက်ကြပြီဆိုရင်ခဏလောက်စောင့်ကြည့်ပါ တော်တော်ပြင်းပြင်းထန်ထန်ကိုက်ပြီဆိုရင်တော့ ပြန်ကန့်ထားဖို့လိုပါလိမ့်မယ် ကျွမ်းကျင်တဲ့သူအတွက်လွယ်ကူပေမယ့်
စမွေးတဲ့ဝါသနာရှင်တွေအနေနဲ့ကတော့ ပထမ အကြိမ်နဲ့တော့ အဆင်ပြေဖို့မလွယ်ပါဘူး ဒါ့ကြောင့်ပထမ စဖောက်တဲ့အကြိမ်မှာသူတို့ရဲ့အထာကိုစောင့်ကြည့်ပါ လေ့လာပါ နောက်ပြီးစိတ်ရှည်ရှည်ထားပါ ဒါကျတော်သိသလောက် FlowerHorns ငါးများ "ဥ" ဖို့အတွက်ပထမခြေလှမ်းစတင်ခြင်းပါပဲ
"ဝါသနာရှင်များအားရည်ညွှန်းလျှက်
Subscribe to:
Posts (Atom)