Tuesday, October 11, 2016

အလှ​မွေးငါးချစ်​သူရဲ့ အလှ​မွေးငါး​လေးများအားနည်းစနစ်​မှန်​ထိန်းသိမ်း​စောင့်​​ရှောက်​ခြင်း

အလှငါးမွေးမြူရာတွင်ရောဂါဖြစ်ပွားရသောအဓိကအကြောင်းတရား(၃)ချက်။

(၁)အစာကျွေးရာတွင်မှန်ကန်မှု့မရှိခြင်း။
(၂)လွန်ကဲသွားမှု့(သို့)အဆိပ်အတောက်ဖြစ်သွားစေမှု့ကြောင့်ဖိဆီးမှု့ကိုဖြစ်သွားစေခြင်း။
(၃)ရောဂါပိုးမွှားများ၏တိုက်ခိုက်ခြင်း- တို့ကြောင့်ဖြစ်ရပါသည်။

(က)ငါးများကိုအစာကျွေးရာတွင်နည်းလမ်းမှန်ကန်စွာ၊ပုံမုန်မကျွေးခြင်း(သဘာဝတွင်စားနေကြအစာများကဲ့သို့မဟုတ်ဘဲ၊ရှိသင့်သောအဟာရနူန်းပါဝင်မူ့နည်းပါးသောအစာများကြောင့်)
(ခ)-ငါးများခွဲခြား၊ဖမ်းဆီးထုတ်လုပ်ရာတွင်ကြမ်းတမ်းလွန်ကဲစွာပြုလုပ်မိခြင်း။
     -ရောင်းချ၊သယ်ယူထုပ်ပိုးရာတွင်ထည့်ရမည့်အရေအတွက်ထက်ပိုထည့်မိ၍၊ကျပ်နေခြင်း၊ဒါမှမဟုတ်မရောသင့်မတူညီသောငါးများကိုရောထည့်မိခြင်းတို့ကြောင့် ၊ငါးများကိုသယ်ယူသည့်ခရီးတလျှောက်လုံးတွင်ဖြစ်စေသောဖိဆီးမှု့ Stress။
       -မနှစ်သက်သောအပူချိန်တွင်ရောက်နေခြင်း။
        -အောက်ဆီဂျင်ရေတွင်ပျော်ဝင်မှု့နည်းပါးနေခြင်း။(ငါးများ,များပြားစွာထည့်သွင်းခြင်းကြောင့်)
         -ကိုယ်မွေးသောငါးအမျိုးအစားအတွက်pHရှိသင့်သောအခြေအနေထက်လွန်ကဲနေခြင်း။
          -အမိုးနီးယား(သို့)ဟိုက်ဒြိုဂျင်ဆာလဖိုက်ဓာတ်ကဲ့သို့သောအဆိပ်ဖြစ်စေသောဓာတ်များနေခြင်း။
            -သုံးစွဲသောပြုလုပ်ထားသောအစာများတွင်အဆိပ်ဖြစ်စေသောဓာတုပစ္စည်းများပါဝင်နေခြင်း(အစာစိမ်းများတွင်ပိုးသတ်ဆေးပါဝင်နေမှု့၊မှိုဆွဲနေမှု့...)
              -သုံးသောရေတွင်ဓာတုပစ္စည်းပါဝင်မှု့။
(ဂ)ပြင်ပအရေပြား၊အမြီးအတောင်နှင့်ပါးဟက်တွင်းတွင်နှင့်အတွင်းရောဂါအဖြစ်သွေးတွင်း၌၊အစာခြေစနစ်တွင်း၌၊အာရုံကြောစနစ်များအတွင်း၌ဖြစ်တတ်ခြင်း တို့ကြောင့်ဖြစ်ကြရပါသည်။

        ဒါကြောင့်စနစ်ကျ၍ကာကွယ်ပြုလုပ်ခြင်းသည်၊ရောဂါဖြစ်မှကုသခြင်းထက်ပိုကောင်းပါသည်။
         (၁)ရေအရည်အသွေးအစင်ကောင်းနေအောင်ထားပါ။(အောက်ဆီဂျင်ပျော်ဝင်မှု့ကောင်းကာ၊မလိုလားအပ်သောဓာတုပစ္စည်းကင်းစင်စေပါ။အဆိပ်ဓာတ်မသင့်စေဘဲကင်းရှင်းနေရမည်။)
          (၂)ကျန်းမာရေးကောင်းမွန်သောဝန်းကျင်ကိုဖန်တီးပေးရမည်။(ရေစစ်ကရိယာများ၊ငါးဖောက်သောအပင်များ၊ကန်များကိုပုံမှန်ဆေးကြောပိုးသတ်ပေးရမည်။
           (၃)ငါးများကျန်းမာကောင်းမွန်စေရန်ထားပေးရမည်။(အရွယ်ညီခွဲပေးခြင်း၊သဘာဝမတူ၊ရန်လိုတတ်သည့်ငါးများကိုခွဲခြားမွေးခြင်း၊အဟာရတန်ဖိုးပြည့်ဝစာများသာကျွေးခြင်း၊တင်ပို့၊ထုတ်ပိုးရောင်းချရာတွင်ဂရုတစိုက်လိုအပ်ချက်များကိုပြုလုပ်ပေးခြင်း။ပြင်ပမှဝယ်ယူလာသောငါးများတွင်ရောဂါပါလာ၊မလာကိုစစ်ဆေးထားသိုခေတ္တထိန်းသိမ်းပေးသည့်ကန်များသုံးသည့်အလေ့အထကျင့်သုံးခြင်း။)

No comments:

Post a Comment