Friday, October 7, 2016

ကိုလင်း(အယ်ဂျူသစ်)ရဲ့Betta ခေါ် Fighter တိုက်ငါး သားဖောက်နည်း

Betta breeding , ဖိုက်တာသားပေါက်ခြင်း

ရံဖန်ရံခါတိုင်း အလှမွေးငါးဖိုက်တာကို
လူတိုင်း ပေါက်တတ်ပါသည်
သို့သော် ငါးသားပေါက်မတင်တတ်ပါ
၁။ ငါးပေါက် အတွက်အစာလိုအပ်ချက်
၂။ အနေအထားဖန်တီးမှု ( ကန်အနေအထား )
၃။ ရေလိုက် အစာလိုက်
လိုအပ်ချက်အပေါ်တွင် မူတည်င်္ပြီးငါးသားပေါက်များ
ပျောက်ပျက်သေဆုံးရပါသည်။

အခြေခံကျဆုံး ဖိုက်တာသားပေါက်ခြင်း

 ဖိုက်တာငါးမှာ ရေအေးဤ စိုစွတ်သောနေရာကို
ကြိုက်သလို ဖောက်ချိန်တွင် တိတ်ဆိတ်သော
ကန်ရေငြိမ်သော ရေပြင်ကိုနှစ်သက်ပါသည်
အမြုပ်ထုပ်ကာ ဖောက်သောငါးဖြစ်ဤ
လေခဏတိုင်းတိုက်ပါက အသိုက်မြုံပျက်ကာ
ပေါက်အားနည်းတတ်သည်ကို အထူးဂရုပြုစေချင်ပါသည် ။

တစ်ပေပတ်လည် ကန်အနေထားဖြစ်ပါက
ဖိုက်တာ ဖောက်ရန်လုံလောက်ပါပြီ
ရေထုက လေးလက်မအနေထားက
သင့်တင့်ပါပြီ ၁။ဖောက်ဖို့ရွယ်ထားသောကန်ကို
အထီးအရင်ထည့်ပါ

၂။ အထီးအမြုပ်ထုပ်ရန် သစ်ရွက် သို့မဟုတ်
မြင်သာအောင် ပလစ်စတစ်စထည့်ပါ
ပလစ်စတစ်စသည် ပူပြင်းသောရာသီတွင်
ဥအားပုတ်တတ်စေပါသည်
လေငြိမ်သောနေရာဖြစ်ပါက အသိုက်လုပ်ပေးရန်မလိုပါ

၃။နောက်ရက်တွင် ဥသားတင်းသော
မျိုးရင့်နေသော ငါးမအားထည့်လိုက်ပါ

၎။နောက်ရက်တွင် အထီးနှင့် အမသည်
ဥညှစ်ပြီး ဥကုန်သော ငါးမများအား
အထီးမှရန်လုပ်လာချိန်တွင် အမကို
နှုတ်ပေးပါ တစ်ချို့သေားငါးမများသည်
အထီးကဲ့သို့ပင်သားထိန်းသည်ကို
ထူးခြားစွာ တွေ့ရတတ်ပါသည်

၅။ ငါးသာပေါက်များ အမှီခိုကင်းစွာ
သွားလာနိုင်ပြီ ကူးခတ်နိုင်လာပါက
ငါးထီးများအား ထုတ်နိုင်ပါပြီလေ

ဖိုက်တာသားပေါက်များအား အစာကျွေးပြုစုခြင်း

  ဖိုက်တာငါး,ပုလဲငါး စသည်တို့မှာ အရွယ်စားမှုန်မွှားသဖြင့် ငါးသားပေါက်ကိုအစာကျွေးရန်အတွက် မှုန်မွှားသော
အရာဖြစ်ရန်လိုပါသည်။ထိုအတွက် ပြုတ်ထားသော
ကြက်ဥအနှစ် ,တီသွေးရည် ,Infusoria ပိုးအမှုန်တို့မှာ အလွန်အဆင်ပြေပါသည်။အပေါက်ကလေးများကို
ပထမဆုံးအကြိမ်အဖြစ် ကြက်ဥအနှစ်ပြုတ်ကို
နှစ်ရက်ကျွေးပါ၊တစ်ရက် တစ်ကြိမ်ပါဘဲ။ သုံးရက်မြောက်သော် ရေကိုလှယ်ပေးပါ။
ငါးသမားအဖို့ ရေနုပ်ပုံးဖြင့် လွယ်ကူသော်လည်း
အလှမွေးသူဝါသနာရှင်တွေက လေပေးကျောက်သီး လေပေးပိုက်နှင့် ရေကိုဖြေးဖြေးစုပ်ထုပ်ပါ။လေးရက်မြောက်သော်
Artemia ၊Infusoria၊Dalphniaအပေါက်တို့အား ကျွေးနိုင်ပါပြီ။
လွယ်လင့်တကူ တီခြောက်ကိုလည်း ချေကျွေးနိုင်သလို အသင့်ထုပ်ပိုးဘူး
Cyclope ပိုးဗူးတွေလည်း ဝယ်ယူကျွေးနိုင်ပါတယ်။
ရေလိုက် အစာလိုက်လုပ်သောအခါတွင် ငါးသားပေါက်မှာ သိသာစွာအရွယ်စားတက်လာပါသည်။
လက်တစ်ဆစ်ကျော် အရွယ်ရောက်လျှင်
ကာလာစတင်ဝင်လာပြီး ငါးမှာထိုးတက်ပါပြီ
ရေတီကိုပင် ကောင်းစွာစားနိုင်ပြီး အတက်ဆင်းခဏတိုင်းလုပ်လေပါပြီ
ထိုအရွယ်ရောက်လျှင် ဖိုက်တာကန်အတွင်းသို့
ရေမှော်ပင်တို့အာ ထည့်ထားရန် အထူးလိုအပ်လာပါပြီ

မှတ်ချက် ။ ။ဖိုက်တာငါးသည် ရေစေးကို
နှစ်သက်ပါသည်။

   ဝါသနာရှိသူတိုင်း စိတ်ထွက်ပေါက်အနေရော
စိတ်အပန်းဖြေမှုအနေရောဖြင့် ပျော်ရွှင်ပါစေ
   စေတနာအားဖြင့်ရေးသားရင်း
        ဝါသနာအရင်းအမြစ်
                အယ်လ်ဂျူသစ် & ကိုလင်း

No comments:

Post a Comment