ဒီနေ့တော့ Ko Ac ရဲ့ Koi ငါးကြင်းတွေအကြောင်းသူ့postကနေ copy ပြန်ချပေးထားပါတယ်။
********************************************
Koi ငါးကြင်း တွေ နဲ့ ပတ်သက်ပြီး ဖတ်မိသလောက် ပြန်ချရေးလိုက်ပါတယ်။
အမှားပါတယ်ဆိုခဲ့ရင် ပြင်ပေးပါလို့ ရှေးဦးစွာ တောင်းဆိုပါတယ်ခဗျာ။
အခုရေးမိတဲ့ ငါးကြင်းအကြောင်းကတော့ ကျန်ခဲ့တဲ့ B.C ခောတ်တွေကို ၊ ကွန်ဖြူးရှပ် ခောတ်တွေ ကိုချန်ထားခဲ့ပြီး ဂျပန်ခောတ်ကို တိုက်ရိုက်ပဲ ချရေးလိုက်ပါတယ်ခဗျာ။
သမိုင်းအကြောင်း အတိုချုပ် အရ ပါရှား က နေ ငါးကြင်းစခဲ့တယ်။ ပါရှား ကနေ တရုတ်ပြည်ကို ရောက်တယ်လို့ ငါးကြင်းသမိုင်းအကြောင်းမှာ ဆိုထားပါတယ်။ ပါရှား နဲ့ တရုတ် ကုန်ကူးပြီး ငါးကြင်းတွေ တရုတ်ပြည်မှာ ပေါက်ဖွားလာခဲ့ခြင်းဖြစ်ပါတယ်။ တစ်ခါ တရုတ်ပြည်ကနေ ဂျပန်ကို ကူးဆက်ပြန့်ပွားလာခဲ့ပါတယ်။
ဂျပန်ခေတ်ရောက်တော့
လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ လောက်ကို ပဲ ပြန်ကြည့်မယ်ဆိုရင် နီးဂတာ ရာမကိုရှီ ရွာနဲ့ ဘေးပတ်လည် ရွာတွေမှာ စားစရာအဖြစ် ငါးကြင်းတွေကို သားဖောက်မွေးမြူလာခဲ့ကြပါတယ်။ အချို့ သော ငါးကြင်းသားဖောက်မွေးမြူသူတွေ သတိထားမိလာခဲ့ကြတာကတော့ ရံဖန်ရံခါ ငါးကြင်း အနီ နဲ့ အဝါ ပါလာတာကို တွေ့ ရှိခဲ့ပြီးတော့ ဂျပန်တွေက အရောင်ပါတဲ့ ငါးကြင်းလေးတွေကို စတင်ဖောက်လာခဲ့ကြတယ်လို့ ဆိုထားပါတယ်။
ဒီသမိုင်းအကြောင်းလေးကတော့ နီရှီးကီဂွိုင် Nishikigoi တွေရဲ့ သမိုင်းအစစ် စတင်လာပုံပါ။
ဂျပန်တွေမှာလည်း ခောတ် အဆက်ဆက်ရှိပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံရဲ့  ပုဂံခောတ် အင်းဝခောတ် ပျူခောတ် စသလိုမျိုး ဂျပန်တွေရဲ့ Meiji မေဂျီ ခောတ် မှာ လူတွေကြားမှာ ရေးပန်စားလာတဲ့ လှပတဲ့ ငါးကြင်းမျိုးကိုရရှိလာပါတယ်။ အဲ့ဒါကတော့ ကိုဟကု အမျိုးအစားတွေပဲဖြစ်ပါတယ်။ Taisho တိုင်လျှို ခောတ် ၁၉၁၂ ကနေ ၁၉၂၆ ကာလရောက်တော့ နီရှီူကီဂွိုင် က ရေပန်းအစားဆုံးဖြစ်လာခဲ့ပါတယ်။ တိုင်လျှို ခောတ်မှာ ငါးကြင်း အလှတွေမျိုးသစ်တွေ ထပ်မံရရှိခဲ့ပါတယ်။ ငါးကြင်းမျိုးစိပ် အသစ်တွေကတော့ တိုင်လျှို စံလျှိုကု Taisho Sanshoku (ဖြူနီမဲ) , Shiro Utsuri သျှီရို ဦုဆိုးrရီ (ဖြုမဲ), Ki Utsuri ကီ ဦုဆိုးrရီ, Asagi အစဂီ (ကြောပေါ်တွင် အပြာစင်းပါသော ငါးကြင်းမျိုး) စသည့်အမျိုးအစားကွဲတွေ ထွက်ပေါ်လာခဲ့ပါတယ်။
နောက်တစ်ခောတ် showa သျှိုဝါ ခောတ် ရောက်တော့ ၁၉၂၆ခုနှစ်
Showa Sanshoku လျှိုဝါ စံလျှိုကု (ဖြူနီမဲ ၊ ခေါင်းတွင်အမဲပါသည့်အမျိုးအစား), Kin ကင်း (ရွှေရောင် အလက်လက်), Gin ဂင်း (ငွေ အလက်လက်ဖြစ်နေသာ ကြေးခွံအရောင်), Kin Kabuto ကင်းခဘူတို (ခေါင်းတွင် အရောင်ပါသော ငါးမျိုးစား) , Kin (ရွှေရောင်) Kabuto (ဦးခေါင်းခွံ) ပေါ်ထွက်လာခဲ့ပါတယ်။
နောက်တစ်ခါ Show ခောတ်မှာပဲ ၁၉၃၂ ခုနှစ် ရောက်တော့
နီးဂတာ Niigata ငါးစမ်းသပ်ဌာနက အဂနိုမြစ်မှာ နီရှီးကီဂွိုင် ငါးကြင်းတွေကို စတင်ပြီး အချိန်ပြည့် သုတေသန လုပ်ငန်းတွေစခဲ့ပါတယ်။ WW2 စစ်ပြီးကာလမှာတော့ ဌာနတစ်ခုလုံးရပ်ယာယီရပ်ဆိုင်းထားလိုက်ပါတယ်။ သို့ ပေမယ့် Nezu နဲ့ဇူ Ogan အို့ဂမ် Nezu Ogan ငါးမျိုးကို မိတ်ဆက်ပေးခဲ့ပြီး Nezu Ogan (မီးခိုးရောင် အလက်လက်ကြေးခွံပါသော ငါးကြင်းမျိုး) Hikarimono (ဟီကရီမိုးနို) (အလက်လက်ပါသော တောက်သော ကြေးခွံအုပ်စု)ကို မွေးထုတ်ခဲ့ပြီး နီရှီးကီဂွိုင်ရဲ့ ရွှေနှစ်တွေ အဖြစ်ဦးဆောင်နေခဲ့စေပါတယ်။
Doitsu ဒွိုင်ဇူး (ကြေးခွံနည်းသော Leather ကဲ့သို့ အစင်းရှိသောငါးကြင်းမျိုး)
ဂျပန်အခေါ်အဝေါ် Doitsu ဒွိုင်ဇူး ငါးမျိုးကို အိုကီဆာဝါ မိသားစုမှ ၂၅ နှစ်ကြာ ဂျာမာန် ငါးကြင်းရိုင်းနှင့် ဒီ နီရှီးကီဂွိုင် မျိုးတွေနဲ့ Ogan အို့ ဂမ် မျိုးတွေနဲ့ သားစပ်ပြီး မျိုးစိပ် ၂ ဆက်ကို မြင့်တက်လာပြီး နီရှီးကီဂွိုင် ငါးကြင်းမျိုးဆက်ကို တိုးတက်လာစေခဲ့ပါတယ်။
ဒီအောက်ကပုံလေးကတော့ ကျနော် ခုရေးလိုက်တဲ့ Gene tree လေးပါ
လေးစားလျက်
AC